Monday, September 3, 2018


စမတ္ဖုန္းေတြက ထြက္လာတဲ့ အျပာေရာင္အလင္းက မ်က္စိကြယ္ ႏိုင္ေျခကို ျမင့္တက္ေစ


သိပၸံဆိုင္ရာေလ့လာခ်က္ေတြရဲ႕ အဆိုအရ ကြန္ပ်ဴတာနဲ႔ စမတ္ဖုန္းေတြရဲ႕ အလင္းေရာင္ဟာ မ်က္လုံးကို လ်င္လ်င္ျမန္ျမန္ ပ်က္စီးေစႏိုင္တဲ့ အေၾကာင္းအရင္းတစ္ခု ျဖစ္ေနၿပီလို႔ ဆိုပါတယ္။
အိုဟိုင္းယိုး (Ohio) မွာ ရွိတဲ့ တိုလီဒို တကၠသိုလ္ (Toledo University) ရဲ႕ ေလ့လာေတြ႕ရွိမႈအရ
ဒစ္ဂ်စ္တယ္ လၽွပ္စစ္ပစၥည္းေတြကေန ထြက္လာတဲ့ အျပာေရာင္ အလင္းတန္းဟာ ဓာတ္ေျပာင္းလဲမႈေတြ ျဖစ္ေပၚေစၿပီး မ်က္လုံးအတြင္းက အလင္းေရာင္ကို အာ႐ုံခံစားသိျမင္ႏိုင္တဲ့ ဆဲလ္ေတြကို ေသေစႏိုင္တယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ မ်က္လုံးအတြင္းပိုင္း ႂကြက္သားေတြကို ျမန္ျမန္ဆန္ဆန္ ယိုယြင္းလာေစၿပီး အျမင္အာ႐ုံရဲ႕ တခ်ိဳ႕အေျခအေနေတြကို ဆိုးက်ိဳးသက္ေရာက္မႈေတြ ရွိေစတဲ့ အေျခအေနေတြကို ျဖစ္ေပၚေစႏိုင္တာ ျဖစ္ပါတယ္။ လူ ၇ ေယာက္မွာ ၁ ေယာက္ေလာက္ဟာ ဒီအေျခအေနေတြထဲက တခ်ိဳ႕လကၡဏာေတြ ခံစားရႏိုင္ၿပီး ျဖစ္ႏိုင္ေခ်က တစ္ဝက္ေလာက္ထိ ရွိေနတယ္လို႔ ေလ့လာမႈေတြအရ ကိုးကား ေဖာ္ျပထားပါတယ္။
တိုလီဒို တကၠသိုလ္က ေဒါက္တာ အာဂ်စ္ ခါ႐ူနရာသီ (Ajith Karunarathne) ကေတာ့ အျပာေရာင္ အလင္းတန္းေတြရဲ႕ ဆက္တိုက္ထိေတြ႕မႈေတြ ျဖစ္မယ္ဆို မ်က္ၾကည္လႊာနဲ႔ မ်က္လုံးေတြက အလင္းတန္းေတြကို ပိတ္ပင္တားဆီး မထားႏိုင္တာေၾကာင့္ ထိခိုက္မႈေတြ ပိုလို႔ ႀကီးမားလာမယ္လို႔ ဆိုပါတယ္။
Ref : The Telegraph “How blue light from smartphones can speed up blindness”
Unicodeဖြင့်ဖတ်ရန်
သိပ္ပံဆိုင်ရာလေ့လာချက်တွေရဲ့ အဆိုအရ ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေရဲ့ အလင်းရောင်ဟာ မျက်လုံးကို လျင်လျင်မြန်မြန် ပျက်စီးစေနိုင်တဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နေပြီလို့ ဆိုပါတယ်။
အိုဟိုင်းယိုး (Ohio) မှာ ရှိတဲ့ တိုလီဒို တက္ကသိုလ် (Toledo University) ရဲ့ လေ့လာတွေ့ရှိမှုအရ
ဒစ်ဂျစ်တယ် လျှပ်စစ်ပစ္စည်းတွေကနေ ထွက်လာတဲ့ အပြာရောင် အလင်းတန်းဟာ ဓာတ်ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေပြီး မျက်လုံးအတွင်းက အလင်းရောင်ကို အာရုံခံစားသိမြင်နိုင်တဲ့ ဆဲလ်တွေကို သေစေနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မျက်လုံးအတွင်းပိုင်း ကြွက်သားတွေကို မြန်မြန်ဆန်ဆန် ယိုယွင်းလာစေပြီး အမြင်အာရုံရဲ့ တချို့အခြေအနေတွေကို ဆိုးကျိုးသက်ရောက်မှုတွေ ရှိစေတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေနိုင်တာ ဖြစ်ပါတယ်။ လူ ရ ယောက်မှာ ၁ ယောက်လောက်ဟာ ဒီအခြေအနေတွေထဲက တချို့လက္ခဏာတွေ ခံစားရနိုင်ပြီး ဖြစ်နိုင်ချေက တစ်ဝက်လောက်ထိ ရှိနေတယ်လို့ လေ့လာမှုတွေအရ ကိုးကား ဖော်ပြထားပါတယ်။
တိုလီဒို တက္ကသိုလ်က ဒေါက်တာ အာဂျစ် ခါရူနရာသီ (Ajith Karunarathne) ကတော့ အပြာရောင် အလင်းတန်းတွေရဲ့ ဆက်တိုက်ထိတွေ့မှုတွေ ဖြစ်မယ်ဆို မျက်ကြည်လွှာနဲ့ မျက်လုံးတွေက အလင်းတန်းတွေကို ပိတ်ပင်တားဆီး မထားနိုင်တာကြောင့် ထိခိုက်မှုတွေ ပိုလို့ ကြီးမားလာမယ်လို့ ဆိုပါတယ်။

No comments:

Post a Comment